လ - ဒီဇင်ဘာ 2023

ခရစ်တော်၌ အခြေပြုသောလူမှုအသိုင်းအဝိုင်း

ဘဟားမားစ် ကျွန်းစုများ၏ တောင်ဘက်ခြမ်းတွင် Ragged (ရက်ဂတ်)ကျွန်းဟုခေါ်သော ကျွန်းလေးတစ်ခုရှိသည်။ ၁၉ ရာစုနှစ်က ထိုကျွန်းတွင် ဆားချက်လုပ်ငန်း ရှိခဲ့သော်လည်း ထိုလုပ်ငန်းကျဆင်းလာမှုကြောင့် လူအများအပြားသည် အနီးအနား ကျွန်းများသို့ ပြောင်းရွှေ့သွားကြသည်။ ၂၀၁၆ ခုနှစ်တွင် ထိုကျွန်းပေါ်၌ လူဦးရေ (၈၀) အောက်သာ ရှိသည့်အချိန်က ဘာသာရေးဂိုဏ်းဂဏ (၃) ခု ရှိခဲ့သည်။ သို့သော်လည်း ဝတ်ပြုရန်နှင့် မိတ်သဟာယဖွဲ့ရန် နေရာတစ်ခုတည်း၌ လူတို့ အပတ်စဥ် စုဝေးကြသည်။ ကျွန်းပေါ်၌နေထိုင်သူ အလွန်နည်းသောကြောင့် လူမှုအသိုင်းအဝိုင်းစိတ်ဓာတ်သည် သူတို့အတွက် အထူးသဖြင့် အလွန်အရေးပါခဲ့သည်။

ကနဦးအသင်းတော်မှ လူတို့သည်လည်း လူမှုအသိုင်းအဝိုင်းစိတ်ဓာတ်ကို အရေးတကြီး လိုအပ်ပြီး တောင့်တခဲ့သည်။ သခင်ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် သူတို့အသစ် တွေ့ရှိခံယူခဲ့သည့် ယုံကြည်ခြင်းအတွက် သူတို့ စိတ်လှုပ်ရှားဝမ်းမြောက်ခဲ့ကြသည်။ သို့သော်လည်း သခင်က သူတို့နှင့် ကိုယ်တိုင်အတူ မရှိတော့သည်ကို…

ဘုရားသခင်ရှေ့တော်၌ အတူတူပါ

အားလပ်ရက်ခရီးထွက်စဥ် ကျွန်တော်တို့ ဇနီးမောင်နှံသည် မနက်စောစော စက်ဘီးစီးရသည်ကို နှစ်သက်သည်။ ဒေါ်လာသန်းပေါင်းများစွာတန်သောအိမ်များ အနီးသို့ ဖြတ်သွားသည့် လမ်းကြောင်းတွင် ခွေးများနှင့် လမ်းလျှောက်ထွက်သည့် ထိုအိမ်များတွင်နေထိုင်သူများ၊ စက်ဘီးစီးသူများနှင့် အိမ်အသစ်ဆောက်ရန် (သို့) သဘာဝ ရှုခင်းနှင့်တူအောင် မြေကိုထိန်းသိမ်းပြုပြင်ရန် လုပ်ကိုင်နေကြသော အလုပ်သမား အများအပြားကို ကျွန်ုပ်တို့ တွေ့ခဲ့ရသည်။ ၎င်းသည် အလွှာပေါင်းစုံ ရောပြွန်းနေ သောလူများဖြစ်ပြီး အဖိုးတန်သော အဖြစ်မှန်တစ်ရပ်ကို ကျွန်ုပ်အား သတိပေးလာသည်။ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ လူချမ်းသာဖြစ်စေ၊ အလုပ်သမားလူတန်းစားဖြစ်စေ၊ ထင်ရှားသည်ဖြစ်စေ၊ လူမသိသူမသိဖြစ်စေ၊ ကျွန်ုပ်တို့ကြားတွင် အမှန်တကယ် ခြားနားမှု မရှိပါ။ ထိုနေ့မနက်က လမ်းတွင်ရှိသော ကျွန်ုပ်တို့အားလုံးသည် အတူတူပင်ဖြစ်သည်။ “‌ငွေရတတ်သောသူနှင့် ဆင်းရဲသောသူ ... တို့ကို ထာဝရဘုရားဖန်ဆင်းတော်မူ၏” (သု ၂၂:၂)။ ကွဲပြားမှု မည်သို့ပင်ရှိစေကာမူ၊ ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ ကျွန်ုပ်တို့အားလုံး ဖန်ဆင်းခံရသည် (က ၁:၂၇)။…

မေးလေ့ရှိသောမေးခွန်းများ

ဟုတ်ကဲ့၊​ ရရှိနိုင်ပါသည်။ ကျေးဇူးပြု၍ အလှူရှင်၏နာမည်၊ ဖုန်းနံပါတ်၊ အလှူငွေပေးလိုသည့်အကြောင်းရင်း (ဥပမာ - "မြန်မာဘာသာ နေ့စဥ်ခွန်အားစာအုပ်ဖတ်သူ" (သို့) "အထွေထွေအတွက်အလှူငွေ" အစရှိသဖြင့်) နှင့် အသင်းဝင်နံပါတ် (အကယ်၍ ရှိပါက) ဖော်ပြပေးပါ။
KBZPay နှင့် ငွေလွှဲမှုအောင်မြင်ပါက မိတ်ဆွေ၏ဖုန်းတွင် လွှဲပြောင်းထားကြောင်း အက်ဖ်မှ အတည်ပြုမှုကို screenshot ပြုလုပ်၍ မိတ်ဆွေ၏ နာမည်အပြည့်အစုံနှင့် ဖုန်းနံပါတ်တို့နှင့် အတူတကွ ကျွန်ုပ်တို့ထံ ပေးပို့ပေးပါ။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်း၏ Facebook Messenger မှသော်လည်းကောင်း၊ ၀၉၄ ၂၆၄၉ ၂၀၁၇ သို့ Viber အားဖြင့်သော်လည်းကောင်း ပေးပို့နိုင်ပါသည်။
မိတ်ဆွေ၏ နာမည်အပြည့်အစုံ၊ လွှဲလိုက်သောပမာဏ၊ အလှူငွေပေးလိုသည့်အကြောင်းရင်းနှင့် ဖုန်းနံပါတ်တို့ကို ကျွန်ုပ်တို့ထံ ပေးပို့ပေးပါ။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်း၏…

ငွေလွှဲနိုင်သောနည်းလမ်းများ

KBZPay မှတစ်ဆင့် ပေးလှူရန်

 

မြန်မာပြည်တွင်းတွင် KBZPay မှတစ်ဆင့် နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်း ရုံးဖုန်းနံပါတ် ၀၉၄ ၂၆၄၉ ၂၀၁၇ သို့ ငွေလွှဲပေးပို့နိုင်ပါသည်။ KBZPay နှင့် ငွေလွှဲမှုအောင်မြင်ပါက မိတ်ဆွေ၏ဖုန်းတွင် လွှဲပြောင်းထားကြောင်း အက်ဖ်မှ အတည်ပြုမှုကို screenshot ပြုလုပ်၍ မိတ်ဆွေ၏ နာမည်အပြည့်အစုံနှင့် ဖုန်းနံပါတ်တို့နှင့် အတူတကွ ကျွန်ုပ်တို့ထံ ပေးပို့ပေးပါ။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်း၏ Facebook Messenger မှသော်လည်းကောင်း၊ ၀၉၄ ၂၆၄၉ ၂၀၁၇ သို့ Viber အားဖြင့်သော်လည်းကောင်း ပေးပို့နိုင်ပါသည်။

Lights

Wave Money မှတစ်ဆင့် ပေးပို့ရန်

 

မြန်မာပြည်တွင်းတွင် Wave Money မှတစ်ဆင့် နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်း ရုံးဖုန်းနံပါတ် ၀၉၄ ၂၆၄၉ ၂၀၁၇ သို့ ငွေလွှဲပေးပို့နိုင်ပါသည်။ ငွေလွှဲပြီးသွားပါက မိတ်ဆွေ၏ နာမည်အပြည့်အစုံ၊ လွှဲလိုက်သောပမာဏ၊ အလှူငွေပေးလိုသည့်အကြောင်းရင်းနှင့် ဖုန်းနံပါတ်တို့ကို ကျွန်ုပ်တို့ထံ ပေးပို့ပေးပါ။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်း၏ Facebook Messenger…

ငွေကြေး တိုက်ရိုက်ပေးပို့ရန်

နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်း (မြန်မာပြည်)အား အဖွဲ့အစည်းတစ်ခုခု၊ ဂိုဏ်းဂဏအသင်းတော် တစ်ပါးပါးမှ၊ အမေရိကန်နိုင်ငံရုံးအဖွဲ့မှ ငွေရင်းရံပုံငွေ မတည်ပေးခြင်း၊ အမြဲအထောက်အပံ့ရရန် ငွေပင်ငွေရင်း ပစ္စည်းတစ်စုံတစ်ရာ စောင်ထားခြင်းများမရှိပါ။ ကျွန်ုပ်တို့သည် မြန်မာပြည်နှင့် အခြားသောနေရာဒေသ အသီးသီးမှ လူတစ်ဦးချင်းစီ၏ထောက်ပံ့ပေးလှူမှုဖြင့်သာ ရပ်တည်ပြီး၊ ဘုရားလူတို့အတွက် အမှုတော်ကို ဆက်လက်လုပ်ဆောင်နေပါသည်။ မြန်မာနိုင်ငံ၌ အသက်တာကို ပြောင်းလဲစေသော သမ္မာကျမ်းစာမှ ပညာတော်ကို လူတိုင်းနားလည်စေရေး၊ လူတိုင်း ရရှိစေရေး အမှုတော်တာဝန်အတွက် သင်လည်းပူးပေါင်းပါဝင်ပါ။

သင့်အလှူငွေကို အောက်ပါလိပ်စာသို့ ပေးပို့နိုင်ပါသည်။

နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်း၊ အမှတ် (၁) စောတေလိန်း၊ ဦးလူနီလမ်း၊ ကရင်အမျိုးသားရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ
ဖုန်း - ၀၁-၈၂၁၀၇၉၅၊ ၀၉-၄၂၆၄၉ ၂၀၁၇

COPYRIGHT © 2022 Our Daily Bread Ministries နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းမှ မူပိုင်ပြုလုပ်ပြီးဖြစ်သည်။ Payment icons by icons8.

အာရုံပျံ့လွင့်မှုကို အာသီသရှိခြင်း

ဖန်သားပြင်သေးသေးလေးမှ ‌ပေါ်လာသော ရုပ်ပုံများ၊ စိတ်ကူးများနှင့် အသိပေးချက်များ အဆက်မပြတ် ထွက်ပေါ်လာသည်ကို ငြီးငွေ့ပြီး ဖုန်းကို ချလိုက်သည်။ ထို့နောက် ဖုန်းကို ကောက်ကိုင်လိုက်ပြီး ပြန်ဖွင့်လိုက်သည်။ အဘယ့်ကြောင့်နည်း။
Nicholas Carr (နီကိုးလက်စ်ကားလ်)၏ ၂၀၁၃ ခုနှစ်က ထုတ်ဝေသည့် ‘The Shallows’ (အပေါ်ယံများ) စာအုပ်တွင် သူက အင်တာနက်သည် ကျွန်ုပ်တို့၏ဆက်ဆံရေးကို မည်သို့ငြိမ်သက်သွားစေသည်ကို ပုံဖော်ထားသည်။ “အင်တာနက်က ကျွန်ုပ်၏အာရုံစူးစိုက်မှုနှင့် ဆင်ခြင်ဉာဏ်စွမ်းရည်ကို ဖြိုခွဲပစ်လိုက်သလိုပင်။ ကျွန်ုပ်သည် အွန်လိုင်းပေါ်တွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အင်တာနက်မှ ဖြန့်ဝေသည့် နည်းလမ်းဖြင့် လျင်မြန်သော စီးကြောင်းအတွင်း အမှုန်များ ရွေ့လျားသကဲ့သို့ သတင်းအချက်အလက်များ ရယူရန် ကျွန်ုပ်စိတ်က မျှော်လင့်နေသည်။ တစ်ချိန်က ကျွန်ုပ်သည် စကားပင်လယ်၌ ရေငုပ်‌နှစ်မြှုတ် နေသူဖြစ်သည်။ ယခုတော့ အရှိန်ပြင်းရေယာဥ်ကိုစီးနေသူတစ်ဦးပမာ ကျွန်ုပ်စီးမျောလိုက်ပါသွားလိုက်သည်။”

စိတ်၏အရှိန်ပြင်းရေယာဥ်ပေါ်တွင် ဘဝရှင်သန်နေထိုင်ခြင်းက ကျန်းမာရေးနှင့်…

အားနည်းမှုမှ ခွန်အားအစွမ်း

ကျွန်ုပ်တို့၏လူငယ်လူရွယ်များ အခက်ကြုံလေပြီ။

ကိုဗစ်-၁၉ နှင့် နိုင်ငံရေးမတည်ငြိမ်မှုများက သူတို့၏ဘဝ၊ သူတို့၏ပညာရေး၊ သူတို့၏အလုပ်အကိုင် အခွင့်အလမ်းများကို နှုတ်ယူပစ်ခဲ့လေပြီ။ အချို့က အရှုံးပေးလက်လျော့လျက် များစွာသောသူတို့မှာမူ စိတ်ပျက်အားလျော့မှု၊ စိုးရိမ်ပူပန်မှု၊ မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ရုန်းကန်နေကြရသည်။

သို့သော် ကျွန်ုပ်တို့ကို အမြင်သစ်၊ မျှော်လင့်ချက်နှင့် ခွန်အားများပေးရန် ဘုရားသခင် ကျွန်ုပ်တို့နှင့်အတူရှိနေပါသည်။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းသည် သမ္မာကျမ်းသွန်သင်ချက်နှင့်အညီ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့်သက်ဆိုင်သည့် စာပေအကြောင်းအရာများအားဖြင့် ဤလူငယ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့တည်ဆောက်ပေးလိုပါသည်။

ထိုပြဿနာများကို ကိုယ်တိုင်ကြုံတွေ့ရင်ဆိုင်ခဲ့ရသည့် လူငယ်လူရွယ်များ ရေးသားထားသည့် ဝေမျှချက်များကို ကျွန်ုပ်တို့ ပေးကမ်းလိုက်ပါသည်။ ထိုသက်သေခံချက်များအားဖြင့် ဖတ်ရှုသူတို့သည် အသက်တာကိုပြောင်းလဲစေသည့် သမ္မာကျမ်းစာမှ ပညာတော်ကို တွေ့ရှိပြီး တိုက်တွန်းခွန်အားပေးမှုများ တွေ့ရှိနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

ပိုမိုသိရှိလိုပါက "အားနည်းမှုမှခွန်အားအစွမ်း" ဝဘ်စာမျက်နှာ သို့သွားရောက်ဖတ်ရှုပါ။